About Us
MM Invest Co.,ltd သည် 2021 ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင် အသိအမှတ်ပြုထားသော Merchant Acquiring Services - Temporary License ရထားသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ MM Invest Co.,ltd သည် ကုန်သည်ဆိုင်များရှိ Cashier များအတွက် Zapp Cashier အမည်ရှိ product တစ်ခုကို ဆောင်ရွက်လျှက်ရှိပြီး Zapp Cashier ကို အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ
> မိမိဆိုင်တွင် Zapp Cashier ကိုအသုံးပြုရုံဖြင့် App တွင်ပါရှိသော pay wallet များအားလုံးဖြင့် ငွေပေးချေမှုများအားလက်ခံနိုင်ခြင်း။
> ညနေဆိုင်စာရင်းပိတ်ချိန်တွင် ငွေသားနှင့် QR Payများအားလုံးပေါင်း၏ တစ်နေ့တာရောင်းရငွေ အားလုံးကို Portal တွင်စုစုပေါင်းစာရင်းချုပ်နိုင်ခြင်း။
> အခြား Mobile Pay များအသုံးပြုရန်အတွက်လည်း သက်ဆိုင်ရာဘဏ်များနှင့် ဆက်သွယ်၍ Merchant များဖွင့်ရန်မလိုပဲ MM Invest Co.,ltdမှ တပါတည်းဆောင်ရွက်ပေးနိုင်ခြင်း။
> တနေ့တာရောင်းရငွေအား မိမိဆိုင်၏ဘဏ်စာရင်းသို့ နေ့ချင်းစာရင်းသွင်းနိုင်၍ ငွေကြေးလည်ပတ်မှု မြန်ဆန်ချောမွေ့ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။
MM Invest Co.,ltd ၏ Zapp Cashier ကို Sub-Merchantများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း (၁၆)မြို့နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဈေးဆိုင်ပေါင်းများစွာ နှင့် အခြားလုပ်ငန်းပေါင်းများစွာတို့တွင် တွင်ကျယ်စွာ အသုံးပြုလျှက်ရှိနေပါသည်။

Contact Us
MM Invest Co.,ltd အနေဖြင့် အသုံးပြုသူကုန်သည်များ ၊ Cashier များ အတွက် အဆင်ပြေချောမွေ့စေရန် Call Center ဖုန်းနံပါတ် ၀၉၄၄၇၉၃၇၈၈၄ ၊ email – customerservice@mminvest.net ဖြင့် 24/7 ဝန်ဆောင်မှု ပေးလျှက် ရှိပါသည်။